Ubuntu အကြောင်းသိကောင်းစရာများ


Ubuntu ကို First ပေးနည်း
တစ်ချို့ သူတွေ ကွန်ပျူတာတစ်လုံးမှာ Ubuntu ရော Window ရော OS နှစ်ခုတင်ထားကြတဲ့သူတွေ ရှိပါတယ်။
အဲဒီလို သူတွေအတွက် ကွန်ပျူတာ စဖွင့်ဖွင့်ချင်းမှာ Ubuntu နဲ့ Window ကိုရွေးနေရတာ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
Ubuntu ကို Install လုပ်ပြီးပြီဆိုရင် Ubuntu ဟာ First အနေနဲ့ ဝင်သွားပါတယ်။ Window တက်လာပြီဆိုတာနဲ့ Ubuntu က တက်လာမှာပဲ။ Window ကို First ပေးထားချင်တယ်ဆိုရင် Ubuntu ထဲကနေ ဝင်ပြင်လို့ရပါတယ်။

Ubuntu ထဲကိုဝင်လိုက်ပါ။ Terminal (Alt+F2) ကိုဖွင့်လိုက်ပါ.ပြီးရင် sudo gedit /boot/grub/menu.lst ဆိုပြီး
ရိုက်လိုက်ပါ။ Text တစ်ခုထွက်လာပါမယ်။ Search ကနေ default num လို့ရိုက်ထည့်လိုက်ပါ။ အဲဒီမှာ ၀ လို့ပေးထားလိမ့်
မယ်။ 0 ကို 4 လို့ပြောင်းပေးလိုက်ပါ။ ပြီးရင် Save လိုက်ပါ။
နောက်တစ်နည်းကတော့ Ubuntu > Computer > Filesystem > boot > grub > menu.lst အဲဒီအထဲမှာ ဝင်
ပြင်လိုက်ရုံပါပဲ။


Ubuntu မှာ Font Install လုပ်နည်း

Terminal ကနေ gksu nautilus /usr/share/fonts/truetype လို့ရိုက်ထည့်လိုက်ပါ။ ပြီးရင် ကိုယ်ထည့်ချင်တဲ့
Font ကို Copy လုပ်ပြီး Paste လိုက်ပါ။။။ Font ချိန်းတာက Window လိုပါပဲ။

Keyboard Shortcut ထုတ်နည်း

System > Preferences > Keyboard Shortcut

အမှိုက်တောင်း ထုတ်ချင်သူများအတွက်

Terminal ကနေ gconf-editor ဆိုပြီး ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် application > nautilus > desktop
အဲဒီမှာ trash-icon ကို အမှန်ခြစ် ပေးလိုက်ပါ။။။

0 Comments: